မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

Search Results for: %s

ထီဖွင့်ရက်မတ်လ ၁၅ ရက်သို့ပြောင်းလဲ အစိုးရအောင်ဘာလေထီထိုးသူနည်းပါးလာ

ယဉ်ထောမွန် (၂၅ ဖေဖော်ဝါရီလ ၂၀၂၁) နိုင်ငံတဝန်း အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပေါ်နေသဖြင့် ထီလုပ်ငန်းများ ရောင်းချနိုင်မှုမရှိခြင်းနှင့် ထီကံစမ်းသူပြည်သူများလည်း ထီးထိုးရန် အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် လစဉ်အောင်ဘာလေထီဖွင့်ပွဲကို မတ်လ ၁ ရက်နေ့အစား ၁၅ ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်ထားကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဆန္ဒပြသူများက အစိုးရအောင်ဘာလေထီများ ထိုးခြင်းမပြုကြရန် လူမှုကွန်ရက်ပေါ်တွင်ကမ်ပိန်းပြုလုပ်ကြသဖြင့် ထီထိုးကံစမ်းသူ လွန်စွာနည်းပါးသွားခဲ့ပြီး ထီရောင်းအားကျဆင်းသွားကြောင်း ထီရောင်းချသူများက ပြောကြသည်။ မော်လမြိုင် မိုးယံရွှေလမင်းမြတ်ဆုကုဋေဆိုင်မှ ထီရောင်းသူတစ်ဦးက “ဒီလအတွက်ရောင်းအားကတော့ ဈေးဦးပေါက်ရုံပဲရောင်းရတယ် အခြေအနေတော်ဆိုးတယ်၊ ထီဖွင့်မဲ့ရက်ကိုရွေ့လိုက်တော့ ထီသည်တစ်ယောက်အနေနဲ့ကတော့ဝမ်းသာပါတယ် ဒါပေမယ့်လူတွေကတော့ CDM လုပ်မယ် မထိုးဘူးဆိုတော့ ရောင်းအားတော့ ဘယ်လောက်မှလည်းတက်လာမှာမဟုတ်ဘူး အရှုံးထဲက ငွေနည်းနည်းလေးပြန်ပေါ်လာမယ်လို့တော့  မှန်းထားတယ်” ဟု ဆိုသည်။ သို့သော် …

Read More »

ခလယ်တံခွန်တိုင်မှလာသော မူးယစ်ဆေးပြားများ အဘစ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိ

မွန်သတင်းအေဂျင်စီ (မုဒုံ-၂၈ ဒီဇင်ဘာ ၂၀၂၀) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာဘက်မှလာသော မူးယစ်ဆေးပြားများ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိကြောင်း ကမာဝက်နယ်မြေ ရဲစခန်းမှူးက ပြောသည်။  စခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်က “သတင်းအရ ကျနော်တို့အဖွဲ့တွေ စောင့်နေကြတာပေါ့၊ အဲ့ချိန်ကောင်လေးတွေ ဆိုင်ကယ်နဲ့လာချိန် ကျနော်တို့ဖမ်းဆီးရေးအဖွဲ့ကိုမြင်ပြီး ဆေးလိပ်ဗူးတစ်ဗူးကို လွှင့်ပစ်လိုက်တယ်၊ အဲ့ဆေးလိပ်ဗူးကို စစ်ဆေးတော့ မူးယစ်ဆေးပြား(၁၅၈) ပြား မိတယ်ပေါ့၊ ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ် “ဟု ၎င်းမှ ဆက်လက်ပြောပါသည်။ ရဲတပ်ဖွဲ့ဝင်များက အဘစ်ကျေးရွာအနီး ခလယ်-တံခွန်တိုင်ကားလမ်း၌ စောင့်ဆိုင်းနေချိန် သူရိန်ဝင်း (၂၅-နှစ်) သီရိမြိုင်ရပ်ကွက် မော်လမြိုင်မြို့နေသူမောင်းနှင်ပြီး ဟိန်းမင်းစိုး(၂၁-နှစ်) သီရိမင်္ဂလာရပ်ကွက် မော်လမြိုင်မြို့နေသူမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား (၁၅၈)ပြားကို တွေ့ရှိပြီး …

Read More »

ဘယ်အဖွဲ့ကိုမှ ချန်မထားပဲနဲ့ အားလုံးပါဝင်ဆွေးနွေးတဲ့ပုံစံမျိုး နည်းလမ်းရှာသင့်တယ်-နိုင်ဟံသာ အင်တာဗျူး

မွန်သတင်းအေဂျင်စီ (ဒီဇင်ဘာ ၁၁) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာအား မွန်သတင်းအေဂျင်စီအယ်ဒီတာ ဗညားအောင် တွေ့ဆုံမေးမြန်းသည်။ မေး- AA ကအစ မြောက်ပိုင်းအင်အားစုတွေအားလုံး NCA လက်မှတ်ထိုးလာအောင် ဘယ်လိုဆောင်ရွက်သင့်ပါသလဲ? နိုင်ဟံသာ -AA နဲ့ တပ်မတော် လတ်တလောတိုက်ပွဲတွေမရှိတဲ့အပေါ် ကြိုဆိုတယ် ခုလိုတိုက်ပွဲတွေခေတ္တရပ်သွားတာ ကျနော်တို့အများကြီးဝမ်းသာတယ် ကျနော်တို့ဖြစ်စေချင်တာက တိုက်ပွဲတွေအားလုံးရပ်စဲသွားဖို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းစေချင်တယ်။ ဒီနေရာမှာ NCA ထိုးပြီးမှပဲ နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းထဲဝင်ခွင့်ပေးမယ့် တပ်မတော်ရဲ့ ရပ်တည်ချက်က ရှိနေပါတယ်။ တစ်ဖက်က မြောက်ပိုင်းအင်အားစုတွေမှာလည်း ဒီ NCA စာချုပ်အပေါ်မှာ တချို့အပိုင်းကို သူတို့လက်မခံနိုင်တာ ရှိပါတယ်၊ ကျနော်မြင်တာကတော့ သူတို့ပါဝင်လာနိုင်ရေးကိုပေါ့နော် ကျနော်တို့အဓိထား ဇောင်းပေးပြီးတော့ ကျနော်တို့အရင်ညှိနှိုင်းရမယ် ဆွေးနွေးတဲ့အခါကျရင် ဘယ်အဖွဲ့ကိုမှ …

Read More »

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ကျင်းပ

ယဉ်ထောမွန် (ဒီဇင်ဘာ ၃-၂၀၂၀) အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းသိပ္ပံကျောင်း၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။  “ပိုမိုကောင်းမွန်သည့်ကိုဗစ်၁၉အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမှီပါဝင်ပြီး  ရေရှည်တည်တန့်ရန်ကြိုးစားစို့” ဟူ၍ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်တွင် ဖော်ပြထားသည်။   မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးများ၊ တရားမမျှတမှုများနှင့် ခွဲခြားဆက်ဆံမှုများကို ကျော်လွှားလွတ်မြောက်နိုင်စေရန် ရည်ရွယ်၍လုပ်ဆောင်ဖြစ်ကြောင်း မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးစောအောင်သိန်းတင်က ပြောသည်။ “ကျွန်တော်တို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ကို၂၀၁၉ မေလမှာ စတင်ဖွဲ့စည်းခဲ့တာပေါ့ ကျွန်တော်တို့သင်းကတော့ ဇီရိုးဘတ်ဂျက်နဲ့ရပ်တည်နေရတယ် ဘယ်အစိုးရမှ ထောက်ပံ့မှု မရဘဲ …

Read More »

စားသောက်ကုန်လုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေပြီး လူမှုဘဝများ တိုးတက်ကောင်းမွန်စေမည့်ကတိကဝတ်ကို GrabFood ထပ်မံ အတည်ပြု

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ – လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။ လွန်ခဲ့သည့် ၁၂ လအတွင်း လျှောက်လှမ်းခဲ့သည့် ခရီးစဉ်တစ်လျှောက် ရန်ကုန်နှင့် မန္တလေးမြို့အတွင်း နေထိုင်သူများမှာ အလွယ်တကူ အသုံးပြုနိုင်သည့် GrabFood ဝန်ဆောင်မှုများနှင့် ပိုမို ရင်းနှီးလာပြီး စတင်မိတ်ဆက် ခဲ့စဉ်ကထက် အော်ဒါအရေအတွက် (၂၄) ဆ မြင့်တက်လာခဲ့ပါသည်။ လက်ရှိအချိန်အထိ GrabFood မှ အကျိုးဖြစ်ထွန်းစေရန် တိုက်တွန်းအားပေးနိုင်ခဲ့သည့် အဓိက နယ်ပယ်များမှာ ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲ အသုံးချရာတွင် ပံ့ပိုးပေးခြင်း၊ တစ်ချို့နေရာများတွင် ၎င်း၏ မိတ်ဖက်စားသောက်ဆိုင်များ၏ …

Read More »

Facebook ရဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာ

ရေးသူ – VP of Integrity ဖြစ်သူ Guy Rosen (၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ) ၂၀၂၀ ခုနှစ်၊ ဇွန်လကနေ စက်တင်ဘာလအတွင်း Facebook ရဲ့ မူဝါဒ စည်းကြပ်မှုဆိုင်ရာ တိုင်းတာမှု ရလဒ်တွေကို နှစ်စဉ် သုံးလတစ်ကြိမ် စစ်ဆေးတင်ပြတဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာ ကို ဒီနေ့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာတော့ Facebook ရဲ့ မူဝါဒ (၁၂) ခု၊ Instagram ရဲ့ မူဝါဒ (၁၀)ခု နဲ့ ပတ်သက်တဲ့ တိုင်းတာမှုရလဒ်တွေ ပါဝင်ပါတယ်။ ဘယ်လို အချက်အလက်အသစ်တွေ ဖြည့်စွက်ထားလဲ – အမုန်းစကား ပျံ့နှံရောက်ရှိမှုနှုန်း ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အမုန်းစကား ပျံ့နှံ့ရောက်ရှိမှုကို ကဏ္ဍတစ်ရပ်အဖြစ် ပထမဦးဆုံးအကြိမ် ထည့်သွင်းဖော်ပြလိုက်ပါတယ်။ ၂၀၂၀ ခုနှစ် တတိယသုံးလပတ်အတွင်းမှာ အမုန်းစကား ပျံ့နှံ့မှုဟာ (ဝ.၁၀%) ကနေ (ဝ.၁၁%) ရှိခဲ့ပါတယ်။ …

Read More »

ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးကို ဘယ်လိုခင်းကြမလဲ

ဖြူကေသာ (၇ နိုဝင်ဘာ ၂၀၂၀) ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ပြဌာန်းချက် တိတိကျကျမပါနေတဲ့ ၂၀၀၈-ခြေ/ဥအောက်မှာ ရွေးကောက်ပွဲလွန် အခင်းအကျင်းကိုဘယ်လိုခင်းကြမလဲ? ပါတီအနေနဲ့သော်လည်းကောင်း နိုင်ငံရေးသမားတစ်ယောက်အနေနဲ့သော်လည်းကောင်းဒီကိစ္စကို ကြိုကြိုတင်တင် စစဉ်းစားထာဖို့လိုပြီလို့ ယူဆပါတယ်–ဒါမှသာ ပါတီအနေနဲ့ရော ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ပါ ညွန့်ပေါင်းမူဝါဒကိုဆုပ်ကိုင်ကာ ရွေးကောက်ပွဲအလွန်ကာလကို ဖြတ်သန်းအကောင်အထည်ဖော်ရာမှာ အဖုအထစ်နည်းစေမှာဖြစ်ပြီး မိမိတို့၏ပါတီက စေလွှတ်တာဝန်ပေးမည့် ကိုယ်စားလှယ်များကို ဂိုက်လိုင်းချမှတ်အကောင်အထည်ဖော်ရာမှာ ချောမွေ့စေမှာဖြစ်ပါတယ်။ တဆက်တည်းမှာလည်, ပြည်နယ်လွှတ်တော်တွင်းအခန်းကဏ္ဍနှင့် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးအတွက် မိမိတို့၏ပါတီမှ ညွန့်ပေါင်းအတွက်အပေးအယူပြူလုပ်ထားသည့်ရလာဒ်များအရ ပါဝင်ရာတွင်ထားရှိရမည့် မူဝါဒများအသေးစိတ်ကိုလည်း စတင်စဉ်းစားထားဖို့လိုပြီလို့ ယူဆပါတယ်။ ၂၀၂၀ မဲရလာဒ်ဟာ NLD ….. ၄၅% တပ်…….၂၅% USDP …..၁၀% အခြား ..၂၀% ဆိုပါစို့ ၅၀% ကျော်သူ မရှိလို့ …

Read More »

ကိုဗစ်ဒုတိယလှိုင်းတွင် ရာဘာခြံလုပ်ငန်းခွင်ဝင်ရန်အခက်တွေ့

စိုင်းထွန်းစံ(မော်လမြိုင်၊ အောက်တိုဘာ ၂၄) မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကိုဗစ် ၁၉ ရောဂါဒုတိယလှိုင်းကာလအတွင်း အသွားအလာကန့်သတ်မှုများကြောင့် ရာဘာခြံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ခြံလုပ်သားများ လုပ်ငန်းခွင်ဝင်ရန်အခက်တွေ့နေကြောင်း သိရသည်။ ပြည်နယ်အတွင်း ကုန်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုသဖြင့် ခြံလုပ်သားနှင့် လုပ်ငန်းရှင်များ သက်ဆိုင်ရာခြံအသီးသီးသို့ လိုင်းကားများဖြင့် သွားရောက်နိုင်ခြင်းမရှိသည့်အတွက် အလုပ်သမား အနည်းငယ်ဖြင့်သာ လုပ်ကိုင်နေရကြောင်း ရာဘာလုပ်ငန်းရှင် ဦးသိန်းထွန်း ဆိုသည်။ “ဇာသပြင်အလွန်မှာခြံတွေရှိတယ် လုပ်သားတွေကိုကြီးကြပ်လို့မရတော့ဘူး ဟိုမှာလုံးဝကြီးလွှတ်ထားရတဲ့ အနေအထားတွေဖြစ်သွားတယ် သူတို့လိုအပ်တာတွေကို လုပ်ပေးဖို့အတွက်ခက်သွားတယ် ကျွန်တော်တို့ရှိမှ လုပ်လို့ကိုင်လို့ရတဲ့အလုပ်တွေလည်းရှိပါတယ်” ဟု ဦးသိန်းထွန်း ကပြောသည်။ မွန်ပြည်နယ်မှ ရာဘာခြံလုပ်သားများအပြင် ဧရာဝတီတိုင်းနှင့် အခြားဒေသတွေက လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများလည်းရှိကြောင်း သိရသည်။ “အဆင်မပြေဘူး ပြည်နယ်တစ်ခုနဲ့တစ်ခုကိုကူးလို့မရဘူးဖြစ်နေတယ်။ ရောက်တဲ့သူတွေကလည်း တစ်ချို့လောက် …

Read More »

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဗညားအောင် မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်၊ တနင်္သရီတိုင်းဒေသကြီး ရေဖြူမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အခြေစိုက်လှုပ်ရှားလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် EAOs ထိန်းချုပ်ရာ ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၃၀ ခန့် ကျေးလက်နေ ပြည်သူတို့၏ အင်တာဗျူးပေါင်း ၁၂၉ ခုကိုအခြေခံ၍ ၂၀၂၀ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် မီးမောင်းထိုးဖော်ပြထားသည့် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အမည်ရှိ အစီရင်ခံစာ ရေးသားပြုစုသူ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေး ရှင်း Hurfom စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်နှင့် ဗညားအောင် တွေ့ဆုံမေးမြန်းထားသည်။ Hurfom စီမံကိန်းဒါရိုက်တာ နိုင်အဲမွန် မေး – “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အစီရင်ခံစာပြုစုဖြစ်ရတဲ့အကြောင်းကို …

Read More »

မွန်ပြည်နယ်အဝင်အထွက် စစ်တောင်းတံတားတွင် အိမ်စီးယာဉ်နှင့် Express ယာဉ်များသွားလာခွင့်မပြု

စိုင်းထွန်းစံ(မော်လမြိုင်၊ အောက်တိုဘာ ၅) COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် မွန်ပြည်နယ်အတွင်းသို့ အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်တွင် အိမ်စီးယာဉ်များနှင့် Express ယာဉ်များကို အောက်တိုဘာ ၃ ရက်နေ့မှစတင်၍ သက်ဆိုင်ရာမှာ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သတင်းရရှိသည်။ “အိမ်စီးယာဉ်တွေကို စစ်တောင်းတံတားဂိတ်ကနေပြီး အသွားအလာခွင့်မပြုတော့ဘူး၊ လောလောဆယ်တော့ ရန်ကုန်တို့ အခြားပြည်နယ်တိုင်းတွေကနေပြီးတော့ မွန်ပြည်နယ်ထဲကိုပဲလာတာ၊ ကရင်ပြည်နယ်ကို သွားမယ့်ကားပဲဖြစ်ဖြစ် တနင်္သာရီကိုသွားမယ့်ကားဖြစ်ဖြစ် အဲတာတွေအားလုံးကိုအဝင် မခံတော့ဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက SKY NET သို့ ပြောကြားခဲ့သည်။ * မွန်ပြည်နယ်အဝင် စစ်တောင်းတံတားနေရာ (DVB) သို့ရာတွင် ကုန်စည်စီးဆင်းမှုမပျက်စေရန်အတွက် ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း၊ သို့ရာတွင် ကုန်တင်ယာဉ်နှင့်အတူလိုက်ပါလာသော …

Read More »